ပုဇွန်တောင် ၂၃ မေ 

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ နွေရာသီ သိုင်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ 

 

ရှေးဦးစွာ ဆရာကြီးဦးဇော်ဝင်းက အမှာစကား ပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မျိုးဆက်သစ် အားကစား လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ အထက(၄)ကျောင်းခန်းမတွင် သိုင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းကြောင်း ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသား သင်တန်းသူများမှ သိုင်းသရုပ်ပြကစားခဲ့ပါသည်။

 

အဆိုပါသင်တန်းတွင် သိုင်းအားကစားနည်းများ စနစ်တကျ သင်ကြားပေးခဲ့ပြီး မြို့နယ်အတွင်းရှိ သိုင်းအားကစား ဝါသနာပါသည့်  ကျောင်းသား၊ ကျောင်းသူ လူငယ်များကို နေ့စဉ်နံနက်(၉)နာရီမှ (၁၀)နာရီခွဲထိ တစ်လခွဲအကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ 

 

ကိုဘုန်း(ပြန်ဆက်)

 

IMG_20