ပုဇွန်တောင် ၂၃ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို ထားရှိနိုင်ရန် Quarantine Centre များကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါ Quarantine Centreများမှ ထွက်ရှိသော အမှိုက်များနှင့် မြို့နယ်အတွင်း အသွားလာကန့်သတ်ထားသော lockdown နေရာများမှထွက်သော စွန့်ပစ်အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများမှ ယမန်နေ့နံနက်ပိုင်းက အမှိုက်ကား ဖြင့် လာရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထိုသို့သိမ်းဆည်းရာတွင် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ လက်အိတ်၊ Maskများ စနစ်တကျ ဝတ်ဆင်၍ စနစ်တကျဆောင်ရွက်လျှက်ရှိပြီး အမှိုက်များအား ဆေးရုံ၊ ဆေးခန်းသုံး အမှိုက်သိမ်းယာဉ်ဖြင့် လှည့်လည်သိမ်းဆည်းပြီး အမှိုက်များကို မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားမီးရှို့စက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နေခြည်(ပြန်/ဆက်)