ပုဇွန်တောင် ၁၅ ဇူလိုင် 

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အဏ္ဏဝါအောင် ငါးချဆိပ်ကမ်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အခြေခံလုပ်ငန်းခွင် အသက်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်း သင်တန်း(၃/၂၀၂၀)ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉နာရီတွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

 

"မြန်မာနိုင်ငံတွင် ရေလုပ်ငန်းလုပ်ကိုင်လျှက်ရှိသော ပင်လယ်ငါးဖမ်းသင်္ဘောများတွင် ဖြစ်တတ်သည့် မတော် တဆ မီးလောင်မှု အခြားအသက်အန္တရာယ်ဖြစ်စေနိုင်သော ကိစ္စများ ကင်းရှင်းစေရန်နှင့် သင်္ဘောပေါ်တွင် ဆောင်ရန် ရှောင်ရန်များကို သိရှိစေရန် ရည်ရွယ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ  သင်တန်းဖွင့်လှစ် ရခြင်း ဖြစ်ကြောင်း" ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးလွှမ်းမိုးဇော် မှပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

အဆိုပါအခမ်းအနားကို အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ  ဒုတိယ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးလွှမ်းမိုးဇော်၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်း တတ်ရောက်မည့် သင်တန်းသား(၃၀) တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

နေခြည်(ပြန်/ဆက်)