ပုဇွန်တောင် ၂၃ စက်တင်ဘာ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ အ.လ.က (၃) ကျောင်း ဖွင့်လှစ်ထားသည်  Quarantine Centre တွင် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် (Swab) ယူနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းကို မြို့နယ် Quarantine Centre တွင် Postive လူနာနဲ့ အနီးကပ် ထိတွေ့သူများအား နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် (swab)ယူပေးနိုင်ရန် ရည်ရွယ်၍ ကျန်းမာရေးမှူး - ၁ ဦးခိုင်ဦး မှ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများကို ပြန်လည်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

 

နေခြည်(ပြန်/ဆက်)

 

mdn