ပုလဲ ၁၄  မေ 


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း မေ ၁၃ ရက် ညနေ ၆ နာရီက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စေတီ၏ ထီးတော်၊ စိန်ဖူးတော်မြေခြင်း၊ ကွန်ကရစ်မီးတိုင်များ လဲကျပျက်စီးခြင်းနှင့် လူနေအိမ်များ သွပ်မိုးလန်၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

1

 


ဖြစ်စဉ်မှာ  ပုလဲမြို့နယ်အတွင်း မေ ၁၃ ရက် ညနေ ၆ နာရီက မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် အင်ကြင်းစုကျေးရွာတွင် ဉာဏ်တော်ပေ ၂၀ ရှိ စေတီ(၁) ဆူနှင့် ဉာဏ်တော်( ၃၅) ပေရှိ စေတီ(၁) ဆူ၏ ထီးတော်နှင့်စိန်ဖူးတော် မြေခခြင်း၊ ကျွန်းဘိုကုန်းကျေးရွာတွင် ကွန်ကရစ်မီးတိုင် (၂၆)တိုင် လဲကျပျက်စီးခြင်း၊ ဇေတီယျုံကျေးရွာတွင် ကွန်ကရစ်မီးတိုင်(၂)တိုင် လဲကျပျက်စီးခြင်း၊ ဇောင်ဂျမ်းကုန်း ကျေးရွာတွင် လူနေအိမ် ၄ လုံး  သွပ်မိုးလန်၍ ပျက်စီးခြင်း၊ နွယ်ရှောက်ကျေးရွာတွင် လူနေအိမ်(၁၇)လုံး သွပ်မိုးလန်၍ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

1

 


အဆိုပါ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စေတီတော်(၂)ဆူ၏ ထီးတော်နှင့် စိန်ဖူးတော်မြေခခြင်း၊ ကွန်ကရစ်မီးတိုင်(၂၈)တိုင်နှင့် လူနေအိမ် (၂၁)လုံး ထိခိုက်ပျက်စီးဆုံးရှုံးမှု  ဖြစ်ပေါ်ခဲ့သော်လည်း လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သတင်းရရှိရသည်။


MDN