ပုလဲ  ၁၄  ဩဂုတ် 

စစ်ကိုင်းတိုင်းဒေသကြီး၊  ပုလဲမြို့နယ်၌ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းများကြေညာထားပြီး မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ ၁၇,၉၉၄ ဦးမှ မဲစာရင်းတွင်  မိမိအမည်မပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၄၀၀ ကျော်ရှိကြောင်း ပုလဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပုလဲမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုတွင် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၃ ရက်အထိ  မဲစာရင်းတွင် မိမိအမည်မပါရှိ၍ ပုံစံ(၃)ဖြင့် ရှောက်ထားသူ ၄၀၉ ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ(၄)ဖြင့် လျှောက်ထားသူ ၉၇ ဦးနှင့် မဲစာရင်းတွင် မိမိအမည်နှင့် အချက် အလက်မှားယွင်းနေ၍ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားသူ ၃၉၇ ဦးရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပုလဲမြို့နယ်၌ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်း ၁၂၃,၄၅၂ ဦးရှိပြီး မဲရုံစုစုပေါင်း ၁၆၁ ရုံ စီစဉ်ဆောင်ရွက်ထားရှိကြောင်း  ပုလဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။ 

မွှေးကြူဇင်