ပုလော ၁၀ စက်တင်ဘာ

 

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ်ရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် ၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်  ပူးပေါင်း၍ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှင့် သဘာ၀ဘေးအန္တရာယ်များ အကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် စက်တင်ဘာ  ၉ ရက်နေ့ နံနက် ၈ နာရီက အချိန်က လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ နှိုးဆော်ရာတွင် ပုလောမြို့ နယ်၊ကဒဲ ကျေးရွာအုပ်စုတွင် ကဒဲ၊ ပ၀တ်ကုန်း၊ ပ၀တ်ဖျားစသည့် ကျေးရွာများတွင် ကိုဗစ်−၁၉ ရောဂါကြိုတင် ကာကွယ်ရေး နှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်ပြည်သူများ တိကျစွာ လိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး ကြေငြာချက်များဖြစ်သည့် လူစု၊ လူဝေးသွားရောက်ခြင်း ရှောင်ကြဉ်ကြရန်၊ ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြောသန့်စင်ကြရန် စသည့် ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများ သိရှိစေရန် နှင့် သဘာ၀ဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထို့အတူ ညနေ ၄ နာရီတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ထိန်ချုပ်၊ကာကွယ်၊ ကုသရေး ကော်မတီ နှင့် မေတ္တာရှင် ပရဟိတအသင်း တို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ကြားချက်နှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များကို လှည့်လည်ကာ အသံချဲ့စက်ဖြင့် ပုလောမြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်၊ မကျည်းကုန်း၊ နန်းတောင်၊ ရှပ်ပုံကျေးရွာများ၌လည်း အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့သည်။

 

အေးအေးမော် (ပုလော ပြန်/ဆက်)

 

mdn