ပုလော ၁၉ စက်တင်ဘာ
မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ယနေ့နံနက်ပိုင်းက နို(လ်)(NOUL)မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ၆၉၁ကီလိုမီတာမှ ၆၉၃ကီလိုမီတာအကြားရှိ တိုကျေးရွာ၊ ကဒဲကျေးရွာမှ ပဝတ်ကုန်း ကျေးရွာအထိ ပြည်ထောင်စုလမ်းမကြီးနှင့် လယ်ယာတချို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် ကဒဲကျေးရွာစာသင်ကျောင်း အဆောက်အအုံ(၁)လုံး ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်စဉ်၌ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုများ မရှိကြောင်း၊ သိရပြီး ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်ကူညီစီမံရွှေ့ပြောင်းဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။
အေးအေးမော် (ပုလောပြန်/ဆက်)


