ပုလော ၁၃ မေ    


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ပြည်ထောင်စု လွှတ်တော်၏ ဖွံ့ဖြိုးရေးရန်ပုံငွေ ရပ်ကွက်/ကျေးရွာများတွင် လိုအပ်လျက်ရှိသော မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း (၃၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြည်ထောင်စုလွှတ်တော်၏ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းပေါင်း (၉၃၀) ကျပ်ဖြင့် ပုလော မြို့နယ်အတွင်း လမ်း၊တံတားလုပ်ငန်းကဏ္ဍ(၂၀)ခု၊ ရေရရှိရေးလုပ်ငန်းကဏ္ဍ (၄)ခု၊ အခြားလုပ်ငန်းကဏ္ဍ (၁၂)ခုကို ဒေသခံပြည်သူများနှင့် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


ထူးဝေယံ(ပြန်/ဆက်)