ပုလော ၂၆ သြဂုတ်
မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းစိစစ်ရေးလုပ်ငန်း ကော်မတီသို့ ရပ်ကွက်/ကျေးရွာ အုပ်စု(၄၀)မှ တင်သွင်းလာသည့် ပုံစံ (၃)၊ ပုံစံ(၄)၊ ပုံစ့(၄−ဂ)များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်များ ကပ်ထားပြီး၊ ၂၁ ရက် ပြည့် မြောက်၍ ရပ်ကွက် /ကျေးရွာအုပ်စု (၄၀)ခုမှ တင်ပြလာသည့် မိမိအမည် စာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် တင်သွင်းရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်ပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄−ဂ) တို့ ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများအား စိစစ်ခြင်းလုပ်ငန်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ မှ မဲဆန္ဒရှင်စာရင်းများ စိစစ်ရေးလုပ်ငန်းများကိုအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)


