ဖာပွန် ၂၇ ဇွန်

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်အတွင်းရှိ ရပ်ကွက်၊​ ကျေးရွာများမှ ​ထောက်ပံ့ရန် ကျန်ရှိသည့် ပုံမှန်ဝင်​ငွေမရှိ​သော အိမ်​ထောင်စုများအား နိုင်ငံ​တော်အစိုးရမှ ​ထောက်ပံ့သည့် အ​ခြေခံစားသောက်ကုန် (၅) မျိုးအတွက် ​ထောက်ပံ့​​ငွေများ ဆက်လက်​​ထောက်ပံ့​ပေးအပ်ခြင်းကို ယ​နေ့ နံနက် ၉ နာရီက ဖာပွန်မြို့နယ်၊ မ​ထော​​ကျေးရွာ၊ ဘုန်း​တော်ကြီး​ကျောင်း၊ ဓမ္မာရုံ၌လည်​ကောင်း၊ အမှတ် (၄) ရပ်ကွက်၊ ရပ်မိရပ်ဖတစ်ဦး၏ ​နေအိမ်၌လည်း​ကောင်း ​ဆောင်ရွက်ခဲ့သည်။

 

​ရှေးဦးစွာ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစိုးညွန့်ဦးက အ​ခြေခံစား​သောက်ကုန် (၅) မျိုးအတွက် ​ထောက်ပံ့​ငွေ​ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။

 

ထို့​နောက် မြို့နယ်အုပ်ချုပ်​ရေးမှူး၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ကြက်​ခြေနီလူငယ်များက ​အိမ်ထောင်စု တစ်စုလျှင် ​ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် ​မ​ထော​ကျေးရွာမှ အိမ်​ထောင်စု (၄) စုအတွက် ​ငွေကျပ် (၆၀၀၀၀)၊ အမှတ် (၄) ရပ်ကွက်မှ အိမ်​ထောင်စု (၄) စုအတွက် ​ငွေကျပ် (၆၀၀၀၀) စုစု​ပေါင်းငွေကျပ် (၁၂၀၀၀၀) ကို ​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း၊​ ထောက်ပံ့​ငွေ​ ပေးအပ်ခြင်းအ​ပေါ် ရပ်မိရပ်ဖတစ်ဦးက ​ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့​ကြောင်း သိရှိရသည်။

 

စိုင်း​ကျော်ဝဏ္ဏ၊တိုး​ဝေဇင်(ပြန်ဆက်)