ဖာပွန် ၂၇ ဇွန်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ထောက်ပံ့ရန် ကျန်ရှိသည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန် (၅) မျိုးအတွက် ထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဖာပွန်မြို့နယ်၊ မထောကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌လည်ကောင်း၊ အမှတ် (၄) ရပ်ကွက်၊ ရပ်မိရပ်ဖတစ်ဦး၏ နေအိမ်၌လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးက အခြေခံစားသောက်ကုန် (၅) မျိုးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ကြက်ခြေနီလူငယ်များက အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် မထောကျေးရွာမှ အိမ်ထောင်စု (၄) စုအတွက် ငွေကျပ် (၆၀၀၀၀)၊ အမှတ် (၄) ရပ်ကွက်မှ အိမ်ထောင်စု (၄) စုအတွက် ငွေကျပ် (၆၀၀၀၀) စုစုပေါင်းငွေကျပ် (၁၂၀၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ထောက်ပံ့ငွေ ပေးအပ်ခြင်းအပေါ် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)


