လှိုင်းဘွဲ  ၂၁  ဩဂုတ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ကျေးရွာအရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်များ၊ သက်ဆိုင်ရာ စာရေးများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈၅ စု၊ အိမ်ထောင်စု ၁၄၄၄၀ စုအတွက် တစ်အိမ်ထောင်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့်  ပြည်သူများ လက်ဝယ်အရောက် အသီးသီးသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)