လှည်းကူး ၂၆ ဇူလိုင်

           

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းများ ၂၀၃၆၀ အိမ်ထောင်စုအတွက် နိုင်ငံတော်အစိုးရမှ ငွေကျပ် ၂၀၀၀၀ ကျပ်နှုန်းစီ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲမှစတင်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂) အုပ်စု စုစုပေါင်း ရပ်ကွက်/ကျေးရွာအုပ်စု (၅၇) အုပ်စုရှိရာ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စုများထံ ပထမအကြိမ် အခြေခံစားသောက်ကုန် ပစ္စည်း (၅) မျိုးကို အိမ်ထောင်စု ၁၂၆၁၁ စုနှင့် ဒုတိယအကြိမ် အိမ်ထောင်စု ၇၇၄၉ စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၁၅၀၀၀ ကျပ်နှုန်းစီဖြင့် အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ပြီဖြစ်ကြောင်း၊ လှည်းကူးမြို့နယ်မှာ အိမ်ထောင်စု စုစုပေါင်း ၆၄၅၄၂ စုအနက် ယခုအခါ နိုင်ငံတော် အစိုးရမှ ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းစား ၂၀၃၆၀ ထံ တတိယအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ ဖြင့် စုစုပေါင်းငွေကျပ် ၄၀၇၂ သိန်း၊ ရာခိုင်နှုန်းအားဖြင့် ၃၁ ရာခိုင်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်း(လှည်းကူး)