ပုသိမ်      ဇွန်     ၁၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ သန့်ရှင်းသာယာလှပရေးအတွက်  တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ရပ်ကွက်(၁၄)ရှိ ပိတ်ဆို့နေသော ရေမြောင်းများကို ဇွန် ၅ ရက်မှစတင်ကာ တူးဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ ဥမ္မာဒန္တီ လမ်းမကြီး ဘေးဝဲယာရှိ ရေမြောင်းများကို တူးဖော်ဆောင်ရွက်လျက်ရှိပြီး ဥမ္မာဒန္တီ(၁) လမ်းမှ ဘုရားကြီးကုန်း(၆) လမ်းအထိ စုစုပေါင်း ပေ ၂၇၀၀ ရှိကာ လက်ရှိတွင် ပေ ၂၀၀၀ ကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

မြင့်ဟန်(ပြန်/ဆက်)