ပုသိမ် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရန်ကင်းထောင်ရပ်ရှိ အမှတ်(၁၅) အခြေခံပညာ မူလတန်းကျောင်းရှိ စာသင်ဆောင်ခန်းမအတွင်း (၇၅)နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာပြိုင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်ဇင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ဆရာမ ဒေါ်သင်းသင်းဦးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ဟောပြောပွဲအပြီးတွင် စာစီစာကုံး၊ ကဗျာနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိကြသူ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပုသိမ်ခရိုင်(ပြန်/ဆက်)