ပုသိမ် ဇွန် ၁၄
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ကျောင်းသားလူငယ်များ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူလေးများက “အနာဂတ်ပန်း”၊ “လူငယ့်အားမာန် တိုင်းပြည်အဖိုးတန်” တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့် အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


