ပုသိမ်   ၁  စက်တင်ဘာ

 

၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ပုသိမ်မြို့နယ် မဲဆန္ဒနယ် များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြေညာကပ်ထားပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါစာရင်း၌ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း(၁)ဦးအတွက် ပါဝင်အရွေးချယ်ခံမည့် ကိုယ်စားလှယ်(၉)ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)မှ ကိုယ်စားလှယ်လောင်း (၁)ဦး အတွက် ပါဝင်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း(၅)ဦး၊ ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁)မှ ကိုယ်စားလှယ်လောင်း(၁)ဦးအတွက် ကိုယ်စားလှယ်လောင်း (၈)ဦး၊ မဲဆန္ဒနယ်(၂)အတွက် ကိုယ်စား လှယ်လာင်း (၁)ဦးအတွက် ကိုယ်စာလှယ်လောင်း(၁၁)ဦး၊ ‌ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စား လှယ်လောင်း(၁)ဦးအတွက် ကိုယ်စားလှယ်လောင်း (၆)ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စား လှယ်လောင်း(၁)ဦးအတွက် ကိုယ်စားလှယ်လောင်း(၅)ဦးတို့က ပါဝင်ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်ကြောင်း သိရသည်။

 

ပါဝင်အရွေးခံကြမည့် လွှတ်အသီးသီး၏ ကိုယ်စားလှယ်လောင်းအမည်များကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင်လည်း ကပ်ထားကြောင်း သိရသည်။ ပုသိမ်မြို့နယ်တွင် ရပ်ကွက် ၂၅ ခုနှင့်  ကျေးရွာအုပ်စု ၅၃ ခုတွင်  မဲရုံ ၂၀၀ ရှိကြောင်း သိရသည်။

 

မောင်မောင်မြင့်(ပြန်/ဆက်)