ပုသိမ် ၂၇ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တက္ကသိုလ်တွင် ဒေါက်တာ မောင်သင်း ရေးသားသော "University Charter and Autonomy "ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦစွာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်သန်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေါက်တာမောင်သင်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဖတ်ကြားခဲ့သည်။ ထို့နောက် ဆရာ ဒေါက်တာမောင်သင်း က "UNIVERSITY CHARTER and AUTONOMY စာအုပ်မှ တက္ကသိုလ်များ ပေါ်ပေါက်လာပုံ၊ တက္ကသိုလ်ဥပဒေများ ရေးဆွဲပြဌာန်းမှု၊ တက္ကသိုလ်များစီမံခန့်ခွဲမှု ၊ ပညာရှင်များလက်ထဲက တက္ကသိုလ်၊ တာဝန်ယူမှု တာဝန်ခံမှု စသည့် ကောက်နှုတ်ချက်များမှ မှတ်သားစရာ၊ လေ့လာစရာ၊ သင်ယူစရာ ဗဟုသုတများကို ဟောပြောရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းကြသည်။ ထို့နောက် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစီစီလှဘူးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစီစီလှဘူး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ နည်းပြများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ မောင်မောင်မြင့် (ပြန်/ဆက်)


