ပူတာအို  ၂၄   ဇူလိုင်    


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ အဆက်အပြတ် ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာ စပါးကျီအတွင်း သိုလှောင်ထားသော စပါးများပျက်စီးပြီး စိုက်ပျိုးလယ်ယာပျိုးခင်းများ (၅၅ ဒသမ ၆၀)ဧက ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း ပူတာအို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

1

 


နောင်မွန်းမြို့နယ်မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့် နောင်မွန်းအုပ်စု၊ ကဆန်ခူးကျေးရွာအုပ်စု၊ ရပ်ဘော့ကျေးရွာအုပ်စုများအတွင်း လုပ်ကိုင်နေသော စိုက်ပျိုးတောင်သူ(၁၄၀)ဦးတို့ လယ်(ပျိုးခင်း)များ (၅၅ ဒသမ ၆၀)ဧကပျက်စီးပြီး ရပ်ဘော့ကျေးရွာအုပ်စုမှ တောင်သူ(၆၄)ဦးတို့၏ ယာခင်းများ(၁၁ ဒသမ ၂၀)ဧကနှင့် ရေကြီးရေလျှံကာ နေအိမ်ပျက်စီးမှုကြောင့် စပါးတင်း(၂၉၆)တင်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
        

ဆန်းညွှန့်(ပူတာအို)