ပူတာအို ၁၅ ဇူလိုင်
ကချင်ပြည်နယ် ပူတာအိုမြို့တွင် Htoo Foundation နှင့် Htoo Group Of Companies တို့က ခရိုင်ပြည်သူ့ဆေးရုံ မွေးလူနာခန်းတွင်အသုံးပြုရန် လိုအပ်လျှက်ရှိသော စက်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်း က ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။
လှူဒါန်းပွဲတွင် ထူးဖောင်ဒေးရှင်းမှ ဒေါ်ချာယော်ရဲ့၊ မလိခဟိုတယ်မှ ကိုစိုင်းကျော်၀ဏ္ဏစိုး တို့က ဆေးရုံ မွေးလူနာခန်းတွင်လိုအပ်လျှက်ရှိသော CTG Machine စက်နှင့် Auto Clave စက်များကို ပေးအပ်လှူ ဒါန်းရာ ခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်း၊ သားဖွားမီးယပ်ဆရာ၀န် ဒေါက်တာအေးချမ်းစုတို့က လက်ခံရယူပြီး ခရိုင်ဆေးရုံအုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
အဆိုပါ Htoo Foundation နှင့် Htoo Group Of Companies အနေဖြင့် ဆေးရုံမွေးလူနာခန်းတွင် လိုအပ်လျှက်ရှိသော ကာလတန်ဖိုး အမေရိကန်ဒေါ်လာ(၆၆၀)တန်ဖိုးရှိ Cardiotocography(CTG) Machine (ကိုယ်၀န်ဆောင်စဉ် သန္ဓေသား၏နှလုံးခုန်နှုန်းနှင့် သားအိမ်ကျုံ့ခြင်းကို မှတ်တမ်းတင်သည့် နည်းပညာစက်) တစ်စုံနှင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၄၇၅၀၀၀)ကျပ်တန်ဖိုးရှိ Auto Clave (မွေးခန်းသုံးပစ္စည်းများနှင့် ဆေး ဘက်ဆိုင်ရာအသုံးချမှုများတွင် ပိုးမွှားသန့်စင်ရန် အသုံးပြုသည့်စက်) တစ်စုံတို့ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဖုန်ကန်(ပြန်/ဆက်)


