ပူတာအို ၂၂ ဇွန်
          

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အိမ်တွင်းမီးဖိုချောင်သုံး တိုင်းရင်းဆေးဖက်ဝင် ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုနိုင်စေရေးအတွက် နည်လှည့်ဟောပြောပွဲနှင့် တိုင်းရင်းဆေး အသိပညာပေးခြင်းများကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီတွင် လုံးစွတ်ရပ်ကွက်၊ နေရပ်စွန့်ခွာစစ်ဘေးရှောင်စခန်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
         

ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းယုမော်က စာပေလေ့လာခြင်း အကျိုးကျေးဇူးများနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှု ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ လ/ထ တိုင်းရင်းဆေးမှူး ဒေါ်ခိုင်မျိုးဦးက မိုးတွင်းကာလတွင် အဖြစ်များသော ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေး/သွေးလွန်တုပ်ကွေးဆိုင်ရာပညာပေးခြင်းနှင့် အိမ်တွင်းမီဖိုချောင်သုံး ပစ္စည်းများဖြင့် ဆေးဝါးကုသခြင်းကို အကျိုးရှိစွာ အသုံးချစေရေး အသိပညာပေး ဟောပြောခဲ့သည်။
         

ဆက်လက်၍ တိုင်းရင်းဆေးပညာများဖြင့် ဆေးဝါးကုသခြင်း ဆောင်ရွက်ရာတွင် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူ ၄၈ ဦးအား ဆေးကုသပေးခဲ့ပြီး ဆေးဝါးများပေးဝေကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ရုပ်ပြ၊ ဝတ္ထု၊ မဂ္ဂဇင်းနှင့် သုတ/ရသ စာအုပ်စုစုပေါင်း ၁၁၀ ကို ငှားရမ်းခဲ့ကြောင်း သိရသည်။
 

ဆိန်းအောင်(ပြန်/ဆက်)

 

1