ပူတာအို ၇ သြဂုတ် 


ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွှဲပိုင်း ၃ နာရီက မူလာရှီးဒီ ရပ်ကွက်၄ ရှိ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မူလာရှီးဒီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအားခီတော်က အဖွင့်အမှာစကား ပြောကြားပြီး  ရပ်ကွက်စာရေး ဦးယော်လီဝူက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား ဖတ်ကြားခဲ့သည်။


ဖွင့်ပွဲအဖြစ် ရပ်ကွက် (၁) အသင်းနှင့် ရပ်ကွက် (၂)  အသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ရာ  ရပ်ကွက် (၂) အသင်းက ၂ ဂိုး-  ၁ဂိုးဖြင့်  အနိုင်ရရှိခဲ့ကြောင်း သိရသည်။


နောယော်ဘော်(ပူတာအို)