ပူတာအို ၇ သြဂုတ်
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွှဲပိုင်း ၃ နာရီက မူလာရှီးဒီ ရပ်ကွက်၄ ရှိ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မူလာရှီးဒီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအားခီတော်က အဖွင့်အမှာစကား ပြောကြားပြီး ရပ်ကွက်စာရေး ဦးယော်လီဝူက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား ဖတ်ကြားခဲ့သည်။
ဖွင့်ပွဲအဖြစ် ရပ်ကွက် (၁) အသင်းနှင့် ရပ်ကွက် (၂) အသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ရာ ရပ်ကွက် (၂) အသင်းက ၂ ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
နောယော်ဘော်(ပူတာအို)


