ပူတာအို  ၂၈  ဩဂုတ်

 

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ်ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့က ပူတာအိုမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၌ ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် ကချင်ပြည်နယ် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်က နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြည်သူများ၏ လက်၀ယ်သို့ စနစ်တကျရောက်ရှိရေးမှာကြားခဲ့ပြီး အခြေခံလူတန်းစားအိမ်ထောင်စု တစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့သည့်ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ထံလွှဲပြောင်းပေး အပ်ခဲ့သည်။

 

အခမ်းအနားတွင် ပူတာအိုမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၄)အုပ်စုရှိ အိမ်ထောင်စုပေါင်း ၁၅၃၇ စုအတွက် ထောက်ပံ့ငွေကျပ် သိန်း ၃၀၇၄၀၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)