ပူတာအို ၈ ဇွန်

 

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ်စက်ဝန်း ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဆောင်ရွက်နေသာ လုပ်ငန်းများ၊ မူဝါဒလုပ်ဆောင်ချက်များ၊ သတင်းအချက်အလက်များ၊ ဗဟုသုတများနှင့် မှတ်တမ်းဓါတ်ပုံများကို ကျေးရွာသူ၊ ကျေးရွာသားများ လေ့လာသိရှိခွင့်ရရှိစေရန် ရည်ရွယ်၍ သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓာတ်ပုံပြပွဲကို ယမန်နေ့က ပူတာအိုမြို့နယ်ရှိ ဇီးအွန်ကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

င္၈၇၈

 

ရှေးဦးစွာ မြို့နယ်လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့မှ လူမှုတာဝန်ခံမှုနှင့် ကျား၊ မ ရေးရာတာဝန်ခံ ဦးမောင်မောင်ချစ်က စီမံကိန်းမှ လုပ်ဆောင်မှု အဆင့်များ၊ ခင်းကျင်းပြသထားသည့် မှတ်တမ်းဓါတ်ပုံများနှင့် ဗီနိုင်းများ အခြေအနေ၊ ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာကော်မတီဝင်များနှင့် တက်ရောက်လာသူများ လုပ်ဆောင်ရမည့် လုပ်ငန်းအစီအစဉ်ကို ပိုမိုမှတ်မိစေရန် မေးခွန်းများမေးမြန်းခဲ့ကြသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက အဖြေမှန်သူများထံသို့ အမှတ်တရပစ္စည်းများအဖြစ် စီမံကိန်းတံဆိပ်ပါ တီရှပ်အင်္ကျ ီများ၊ ဦးထုပ်များ၊ လက်ကမ်းစာစောင်များ၊ လက်စွဲစာအုပ်များကို ပေးအပ်ခဲ့သည်။

 

အဆိုပါပြပွဲသို့ ဇီးအွန်ကျေးရွာအုပ်စုရှိ ကျေးရွာ ၄ ရွာနှင့် လန်းတောင်ကျေးရွာအုပ်စုရှိ ကျေးရွာ ၅ ရွာတို့မှ စီမံကိန်းကော်မတီ အဖွဲ့များ၊ ကျေးရွာလူထုများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဓမ္မဆရာများ၊ ရပ်မိရပ်ဖများ အပါအဝင်စုစုပေါင်း ၁၇၆ ဦး တက်ရောက်ခဲ့ကြပြီး ပြပွဲကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 


မင်းမြင့်မိုရ်