ပူတာအို ၂၆  သြဂုတ်


ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် လတ်တလော တွေ့ရှိရသော အသွင်ပြောင်း ပိုလီယိုရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်လုံးကျွတ် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပိုလီယိုကာကွယ်ဆေးကို ပူတာအိုမြို့နယ် အတွင်းရှိမွေးကင်းစအရွယ် ကလေးများမှစ၍ (၅)နှစ်အောက် ကလေးများအားလုံးကို သြဂုတ်  ၂၆ မှ ၂၈ ရက်အတွင်း အပြီးတိုက်ကျွေး ပေးသွားမည်ဖြစ်ပြီး ဟိုခိုရပ်ကွက်တွင် (၁၂၄)ဦး၊ ကောင်ကထောင်ရပ်ကွက်တွင် (၂၃၄)ဦးတို့ကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆရာ/မများက တိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ပူတာအိုခရိုင်တွင် ပူတာအို၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ် မြို့နယ်များတွင်လည်း တစ်ပြိုင်နက်တည်း တိုက်ကျွေးပေးလျက်ရှိပြီး အောက်တိုဘာလအတွင်း ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေး/ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆန်းညွှန့်(ပူတာအို)