နေပြည်တော် ၂၄ ဇွန်
ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်နှင့် ဦးစိုးနိုင် တို့ပါဝင်သည့် အပြီးသတ် ကြားနာဆုံးဖြတ်ရေး အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) တွင် ရုံးထိုင် ၍ ရာဇဝတ်အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၁) မှု နှင့် တရားမအထွေထွေ လျှောက်ထားမှု (စာချွန်တော်) (၇) မှု ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်)(၅)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)