နေပြည်တော် ၁ ဇူလိုင်
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ အားလုံးပါဝင်သော စုံညီခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှု (၂)မှုနှင့် တရားမအထူးအယူခံမှု (၃) မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု (၅) မှုကို ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


