မန္တလေး ၂၄ နိုဝင်ဘာ

တန်ဆောင်မုန်းလတွင် မယ်ဇလီဖူးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ မယ်ဇလီဖူးချိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ မန္တလေးမြို့အနီးတွင် မယ်ဇလီပင်များမှာ ကားလမ်းဘေးဝဲယာတွင် အများစုတွေ့နိုင်သည် မယ်ဇလီဖူးမှာ ဆေးဖက်ဝင်ကာ သုပ်စားပါက ကျန်မာရေးနှင့် ညီညွတ်သည်။ အထူးသဖြင့် လေအတွက် ကောင်းမွန်သည်ဟု ဆိုထားသည်။ တန်ဆောင်မုန်းလပြည့်နေ့ ည (၁၂)နာရီ ဆေးပေါင်းခချိန်နှင့် မယ်ဇလီဖူးသုပ်အကြောင်းကို လူသိများလှသည်။ လက်ရှိကာလ တန်ဆောင်မုန်းလပြည့်နီးသည့်ကာလ  မယ်ဇလီဖူးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

တစ်နေ့လျှင် မယ်ဇလီဖူးချိုးသူတစ်ဦး အနည်းဆုံး မယ်ဇလီဖူး (၁၅)ပြည်အထိ ရရှိကြောင်း သိရသည်။ မယ်ဇလီဖူးများကို ရောင်းချရာတွင် ပြုတ်ပြီးမှ ရောင်းချလေ့ရှိရာ ပြုပ်ပြီးသား မယ်ဇလီဖူးတစ်ပြည်လျှင် ငွေကျပ် (၁၀၀၀)ဖြင့် ရောင်းချကြရသည်။ လက်ရှိကာလတွင် မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ မယ်ဇလီဖူးချိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

တိမ်တမန်