ငါးသိုင်းချောင်း ၇  ဇူလိုင် 

 

ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် ရာသီတုပ်ကွေး (H1N1)ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ငါးသိုင်းချောင်းမြို့ ရွှေဘိုရပ်ကွက် ဘုရားကျောင်းတိုက် တန်ဆောင်းအတွင်း၌ ကျင်းပရာ မြို့နယ်ကျန်းမာရေးမှူး ဒေါ်ဆုမြတ်နိုင်က ရာသီတုပ်ကွေး(H1N1) ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ/ ငါးသိုင်းချောင်းမြို့ မိခင်နှင့် ကလေးကျန်းမာရေးဌာနရှိ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ယုသန္တာထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရာသီတုပ်ကွေး(H1N1)ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများအား ဆောင်ရွက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲသို့ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူ စုစုပေါင်းအင်အား ၂၀ဝ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)