ကျိုက်မရော ၂၂ ဇွန်
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်ပေါ်တွင် လတ်တလော ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ(H1N1)နှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူလုထုများ ကျယ်ပြန့်စွာ သိရှိနိုင်ရန်အတွက် (၁၂ပေ×၄ပေ) မြေစိုက်ဘုတ်တွင် ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင်များအား ယမန်နေ့ညနေပိုင်းက ပြသပေးခဲ့သည်။
အဆိုပါ ရာသီတုပ်ကွေး(H1N1) ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာမှတ်သားကြည့်ရှုခဲ့ကြသည်။ အဆိုပါ ရာသီတုပ်ကွေး ပညာပေး စာစောင်ထဲတွင် H1N1 တုပ်ကွေးရောဂါပိုးသည် ရာသီတုပ်ကွေးထက် အမှုန်အမွှားပိုပါသောကြောင့် လက်ကို စင်ကြယ်စွာ ဆေးကြောရန် လိုအပ်ပြီး ရောဂါဖြစ်ပွားပါက ကြောက်ရွံ့ ရန်မလိုဘဲ "ရာသီတုပ်ကွေးရောဂါ မိမိကစ ကာကွယ်ပါ" ဟူ၍ အသိပေး လမ်းညွှန်ထားရာ လူထူထပ်ရာနေရာများသို့ သွားလာပါက နှာခေါင်းစည်းများ တပ်ဆင်ထားရန်နှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)