ရှားတော  ၁၅ မေ

        
ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနသည် လူတိုင်းသက်တမ်းစေ့နေထိုင် နိုင်ရန်နှင့် ရောဂါဘယကင်းရှင်းရန် ရည်ရွယ်၍ မြို့နယ်ဆရာဝန် ဒေါက်တာနေအောင်ဝင်း၊ သွားဘက် ဆိုင်ရာဆရာဝန် ဒေါက်တာလှိုင်ထွန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများသည် ရှားတောမြို့နယ်၊ ဒေါက လော်လဲကျေးရွာ ခန်းမဆောင်တွင် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို မေလ ၁၃ ရက်က ဆောင်ရွက်ခဲ့သည်။ 

 

1


မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာနေအောင်ဝင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာလှိုင်ထွန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများသည် ဒေါကလော်လဲကျေးရွာရှိ ပြည်သူများအား သွားနှင့်ခံတွင်း စစ်ဆေးခြင်း၊ သွေးပေါင်ချိန်၊ ကိုယ်အလေးချိန်၊ မျက်စိ၊ နား စသည့် ကျန်းမာရေးနှင့် ပတ်သက်သည်များကို တစ်ဦးချင်းစစ်ဆေးပေးပြီး လိုအပ်သည်များကို ကုသ ဆောင်ရွက်ပေးလျက်ရှိသည်။ 


ထို့နောက် မြို့နယ်ဆရာဝန် ဒေါက်တာနေအောင်ဝင်းက နွေရာသီ အပူဒဏ်အန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

 


ထွန်းအောင်(ပြန်/ဆက်)

 

1