နေပြည်တော် ၂၈ သြဂုတ် 

 

မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့် ဒေသများအတွက် ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် စေတနာရှင်များက အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိသည်။ 

 

ထိုကဲ့သို့ လှူဒါန်းလျှက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရာကျော်ပရဟိတ အသင်းသူ အသင်းသားများက စုပေါင်းလှူဒါန်းငွေကျပ် ၂၅ သိန်း၊ သြစတြေးလျနိုင်ငံ၊ ဒါဝင်မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် မိတ်ဆွေအသင်းအဖွဲ့များက စုပေါင်းလှူဒါန်းငွေကျပ် ၂၅ သိန်း၊ ကနေဒါနိုင်ငံမှ Mr. Charles Brent Penner က လှူဒါန်း ငွေကျပ် ၅ သိန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းမိသားစုများက စုပေါင်းလှူဒါန်းငွေကျပ် ၆ သိန်း ၁ သောင်းနှင့် နှလုံးလှလက်များ စေတနာရှင်အဖွဲ့(လူ/ကယ်/ပြန်)က စုပေါင်းလှူဒါန်းငွေကျပ် ၃ သိန်း ၄ သောင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။  

 

သတင်းစဉ်