နေပြည်တော် ၂၂ သြဂုတ်
၂၀၁၉ ခုနှစ် မိုးရာသီကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော ရေကြီး / ရေလျှံမှုကြောင့် ရေဘေးသင့်ဒေသများအတွက် ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင်ပြည်သူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိရာ သြဂုတ် ၂ ရက်မှ ၂၀ ရက်အထိ အလှူငွေကျပ် ၂၂၅၃၂၀၁၀ဝ လက်ခံရရှိခဲ့ကြောင်း၊ လက်ခံရရှိသော အလှူငွေများကို ဘေးသင့်ဒေသများသို့ အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတင်းထုတ်ပြန်ထားသည်။
အလှူငွေလက်ခံရရှိမှုအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ငွေကျပ် သိန်း ၅၀ဝ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်လောကသားများက ငွေကျပ် ၂၆၂၁၁၀ဝ၀ ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂက ငွေကျပ် ၂၁၅ သိန်း၊ မြန်မာပိတောက် ကုမ္ပဏီ နှင့် ဝန်ထမ်းမိသားစုများက ငွေကျပ် သိန်း ၁၅၀၊ RIT 83 Intake Friend’s Group က ငွေကျပ် ၁၄၃ သိန်း၊ DISAC , AFA , ဖူးကက်မြို့ ပရဟိတ အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများ၊ မြန်မာနိုင်ငံ ရိုးရာသနပ်ဖက်လိပ် လုပ်ငန်းရှင် များအသင်းနှင့် ဒေါက်တာ ဝေလင်းထွန်းတို့က ငွေကျပ် သိန်း ၁၀ဝ စီ၊ မြဧရာဖောင်ဒေးရှင်းမှ ကမကထပြုလုပ်၍ ရွာသာကြီး စက်မှုဇုန်လုပ်ငန်းရှင်များနှင့် ပြည်သူများက ငွေကျပ် ၈၁၈၃၀ဝ၀၊ Rotary Club of Central Yangon အသင်းဝင်များနှင့် မိတ်ဆွေများက ငွေကျပ် ၇၂ သိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူ ဓမ္မအဖွဲ့ချုပ်က ၅၁ သိန်း၊ နေပြည်တော်နေ ဦးသန်းဝင်းလှိုင် - ဒေါ်နီလာအောင် မိသားစု ၊ သိန်းတရာရွှေဆိုင် ၊ နေပြည်တော်ကောင်စီနယ်မြေ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး) နှင့် မော်တော်ယာဉ်အသင်းများက ငွေကျပ် သိန်း ၅၀ စီ၊ ရတနာပုံတက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများကိုယ်စား ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က ငွေကျပ် ၄၆၈၉၁၀ဝ တို့အပါအဝင် စေတနာရှင်ပြည်သူများက စုစုပေါင်း ငွေကျပ် ၂၂၅၃သိန်းကျော်ကို လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


