ရွှေဘို ၆ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင် ၆ ရက်၊ နံနက် ၇ နာရီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရွှေဘို-မြစ်ကြီးနားလမ်း ကတ္တရာလမ်းချဲ့၍ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နံနက် ၁၀ နာရီတွင် လမ်းဦးစီးဌာန ကန့်ဘလူမြို့နယ် ဦးစီးအရာရှိ(မြို့ပြ)ရုံး ဇင်းစခန်းရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ရွှေဘို-မြစ်ကြီးနားလမ်း တင်ဒါအောင်ကုမ္ပဏီ (၁၁)ခုနှင့် ဌာနမှ ကတ္တရာလမ်းချဲ့၍ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများအနေဖြင့် လမ်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်ရန်၊ ဌာနမှလည်း တွန်းအားပေးဆောင်ရွက်ရန်၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့မှလည်း သတ်မှတ်စံချိန်စံညွန်း ပြည့်မီစေရေး စစ်ဆေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)

 

mdn