ကျောက်မြောင်း ၁၉ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊တည်ပင်ကျေးရွာ တွင်မြေပဲသီးနှံ့ ဂျစ်ပဆန်ထည့်ပိုသွင်းခြင်း စံပြကွက် သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်သူဦးထွေးပို၊ ကွင်းအမှတ်-၂၇၈၄က ရှိ စံပြစိုက်ဧက(၁၀)ဧက ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝင်းက ကွင်းသရုပ်ပြပွဲ ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များနှင့် မြေပဲသီးနှံ့ ဂျစ်ပဆန်ထည့်ပိုသွင်းခြင်းတို့၏ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ လက်တွေ့စိုက်ပျိုးမှုများနှင့် ပတ်သက်၍ တက်ရောက်လာကြသည့် တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းရာ စိုက်ပျိုးရေးဦးစီးမှူးဌာနမှ တာဝန်ရှိသူများက လက်တွေ့ရှင်း လင်းပြသခဲ့သည်။
မြေပဲသီးနှံစံပြကွက် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ပြီး နည်းပညာများ ပို့ချသည့်အတွက် တောင်သူများ အနေဖြင့်လည်း မိမိဒေသနှင့် ကိုက်ညီသည့်စနစ်ကို ရွေးချယ် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းနှင့် တောင်သူများအတွက် အကျိုးကျေးဇူးများ ရရှိကြောင်း၊ နောင်လာမည့်နှစ်တွင်လည်း စမ်းသပ်ကွက်များ၊ မျိုးစေ့ထုတ်ကွက်များ၊ စံပြကွက်များဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူဦးထွေးပို၏ ပြောကြားချက် အရ သိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)


