ရွှေဘို ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အဖြစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ခဲ့ရာ ၊ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဇွန် ၃ ရက် နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ အားပေးစကားပြောကြားခဲ့သည်။
ရွှေဘိုခရိုင်တွင် အခြေခံပညာကျောင်း ၆၅ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း လေးကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ခြောက်ကျောင်းတို့၌ ယနေ့အထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၉၀၄ ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)