ရွှေဘို ၂၃ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ဇူလိုင်လ ၁၈ ရက်မှစ၍ အခြေခံပညာကျောင်း (၇)ကျောင်း ယာယီပိတ်ထား လျက်ရှိကြောင်း ရွှေဘိုမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါမြစ်ရေ ဝင်ရောက်မှုကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျောက်ရှိ စာသင်ကျောင်းများမှ ကျောင်းသား/သူများ အန္တရာယ် မဖြစ်ပေါ်စေရန်အတွက် ကျောင်းသား/ကျောင်းသူ (၂၁၆)ဦးရှိ ကုလားမကျေးရွာ(အ.လ.က)ကျောင်း၊ ကျောင်းသား/ ကျောင်းသူ (၂၃၂) ဦးရှိ ဆယ်ပင်ကျွန်းကျေးရွာ (အ.လ.က) ကျောင်း၊ ကျောင်းသား/ကျောင်းသူ (၁၃၃)ဦးရှိ မအူကျေးရွာ(အ.လ.က)ခွဲကျောင်း၊ ကျောင်းသား/ ကျောင်းသူ (၂၆၆)ဦးရှိ မခေါက်ကျေးရွာ (အ.လ.က)ခွဲကျောင်း၊ ကျောင်းသား/ကျောင်းသူ (၃၂) ဦးရှိ လက်ကောက်ကျေးရွာ(အ.မ.က)ကျောင်း၊ ကျောင်းသား/ကျောင်းသူ (၂၅)ဦးရှိ လက်ရွေးကျေးရွာ (အ.မ.က) ကျောင်းနှင့် ကျောင်းသား/ကျောင်းသူ (၁၇၇)ဦးရှိ ရေတော်ကျေးရွာ(အ.မ.က)ကျောင်းများကို ယာယီပိတ်ထားကြောင်း ရွှေဘိုမြို့နယ်ပညာရေးမှူးရုံး ဒုမြို့နယ်ပညာရေးမှူး ဦးခင်မောင်ဇော်ထံမှ သိရသည်။
မြစ်ရေများ လျော့ကျသွားပါက အဆိုပါပိတ်ထားသောကျောင်းများမှ ကျောင်သား/ကျောင်းသူများကို ပိတ်ထားသော ရက်နှင့်အညီ အစားထိုး၍ အချိန်ပိုသင်ကြားပေးသွားမည် ဖြစ်ကြောင်း ဒုမြို့နယ်ပညာရေးမှူးမှ ပြောကြားသည်။
ထွန်းမြင့်အောင် (ရွှေဘို)


