ရွှေဘို  ၂၆  ဇွန်   

         
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် ဇွန်  ၂၆ ရက် နံနက်  ၈ နာရီခွဲက  ငလျင်ဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းအား ရွှေဘိုမြို့ အမှတ်( ၅ )ရပ်ကွက် ရန်မျိုးအောင်ကွက်သစ်ရှိ  မြို့နယ်ဘောလုံးအားကစားကွင်း (ချစ်တီးကွင်း )အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး  ဦးမင်းစမ်းအေး က  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် က ပညာပေးဟောပြောခဲ့ကြောင်း သိရသည်၊ ဆက်လက်၍  သရုပ်ပြမည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များမှ  တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးထံ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ရန်အတွက် ခွင့်တောင်းခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်မှုသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို စတင်ခဲ့သည်။

 

1

       
ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုအနေဖြင့်  ငလျင်လှုပ်မှုကြောင့်  ယာဉ်တိမ်းမှောက်ပြီး ယာဉ်အောက်တွင် ပိမိနေသော လူနာကို Lifting  Bag  (မတင်ကိရိယာ)  Hydraulic   Ram (မတင်ကိရိယာ) Stabilizer (ထောက်ကန် ကိရိယာ) အသုံးပြု၍ လူနာအားကယ်ထုတ်ခြင်း ယာဉ်အတွင်း ပိတ်မိနေသောလူနာကို  Hydraulic Ran (မတင် ကိရိယာ)  Hydraulic  Spreader (ချဲ့ကား ကိရိယာ )   Hydraulic Cutter (ဖြတ်တောက် ကိရိယာ ) အသုံးပြု၍ လူနာအား ကယ်တင်ခြင်း   တိမ်းမှောက်နေသောယာဉ်အား Heavy  Rescue  & Lifiting  Vehicle (44)  ton  ရှာဖွေကယ်ဆယ်ရေးယာဉ်ဖြင့် ဖယ်ရှားခြင်း ပြိုကျနေသော အဆောက်အဦအောက်တွင်  ပိတ်မိနေသော လူများအား Wireless  Detector & Camera  ( Leader Hasty) ဖြင့် လူနာအား အာရုံခံ၍  ရှာဖွေကယ်ဆယ်ခြင်း Engine  Cutter အုတ်ဖြတ်စက်အသုံးပြု၍  ပြိုကျနေသော ကွန်ကရစ်တုံးများအား ဖြတ်တောက်ခြင်းများဖြစ်ကြောင်း သိရသည်။

      
မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများမှာ မီးသတ်ဆေးဘူး  Dry  Chemical  Powder Type ရေစိုအဝတ်တို့ဖြင့် ဆီမီးလောင်မှုအား မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း၊  Fome Truck  မီးငြှိမ်းသတ်ယာဉ်ဖြင့်  ဆီမီးလောင်မှု မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ အထပ်မြင့် တိုက်မီးလောင်မှုအား  လှေကားတင်ယာဉ်ဖြင့်  မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း၊   မီးငြှိမ်းသတ်ယာဉ်တစ်စီး  ရေသယ်ယာဉ်နှစ်စီးတို့ဖြင့်  မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းများဖြစ်ကြောင်း  သိရသည်။  ဆက်လက်၍  အခြေခံပညာမူလတန်းကျောင်း (၁၅ )ဆင်ရုံရပ်ရှိ ကျောင်းသား ကျောင်းသူများနှင့် ပူးပေါင်း၍  ငလျင်ဘေးအန္တရာယ် ကျရောက်ပါက  ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက် လေ့ကျင့်ခြင်းကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

           
ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း  ရှာဖွေကယ်ဆယ်ရေးနှင့်  မီးငြှိမ်းသတ်မှုဇတ်တိုက်လေ့ကျင့်ခြင်းများကို  ခရိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ  ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍  ဆောင်ရွက်ခဲ့ကြပြီး  အခမ်းအနားသို့  လူဦးရေ   ၅၀ဝ ကျော်ခန့်  တက်ရောက်ခဲ့ကြောင်း  သိရသည်။

  
မိုးသောက် (ရွှေဘို)