နတ်မောက်  ဇန်နဝါရီ  ၅

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာတွင် ရေဆင်း(၁) ဆပ်မျိုးနေကြာ စံပြကွက်စိုက်ပျိုးထားရှိမှုများအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဇန်နဝါရီ ၄ ရက်က တောင်သူပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဆောင်းနေကြာ အထွက်နှုန်းတိုးတက်စေရေး အတွက် ရေဆင်း(၁) ဆပ်မျိုးနေကြာစိုက်ပျိုးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက် စေရေး မျိုးစိုက်စနစ်ဖြင့် သွင်းအားစုအသုံးပြုခြင်း၊ အပင်ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ နည်းစနစ်မှန် လိုက်နာဆောင်ရွက်စေရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးပြောကြားပေးလျက်ရှိသည်။

 

“ကျွန်မတို့ အခုလိုဆပ်မျိုးနေကြာ အထွက်နှုန်းတိုးတက်စေရေး စံပြကွက်များစိုက်ပျိုးခြင်းဖြင့် နေကြာစိုက် တောင်သူများ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ခြင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်လာခြင်း၊ ဝင်ငွေ ကောင်းလာစေခြင်း၊ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်လာစေခြင်း စတဲ့အကျိုးကျေးဇူးများကို တောင်သူတွေ ခံစားရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးရတာဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

(မြို့နယ် ပြန်/ဆက်)