ဇေယျာသီရိ နိုဝင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်များ နိုဝင်ဘာ ၂၃ ရက်မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်း၊ ဘွဲ့ကြိုသင်တန်း၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် နောက်ဆုံးနှစ်သင်တန်းများကို နိုဝင်ဘာ ၂၃ ရက်မှ စတင်ကျောင်းအပ် လက်ခံ သင်ကြားပေးလျက်ရှိပြီး ဒီဇင်ဘာ ၈ ရက်အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်တွင် ပထမနှစ်(DVM)၊ ပထမနှစ်(BASc)၊ ဒုတိယနှစ် (DVM)(Jr)၊ ဒုတိယနှစ် (BASc)(Jr)၊ ဒုတိယနှစ်(DVM)(Sr)၊ ဒုတိယနှစ် (BASc)(Sr)၊ တတိယနှစ်(DVM)၊ တတိယနှစ် (BASc)၊ စတုတ္ထနှစ် (DVM)၊ နောက်ဆုံးနှစ်(BASc)၊ ပဉ္စမနှစ်(DVM)၊ နောက်ဆုံးနှစ် (DVM)၊ မဟာဘွဲ့ (MASc/ MVSc)၊ ပါရဂူ(phD) သင်တန်းများကို နိုဝင်ဘာ ၂၃ ရက်တွင် စတင်ကျောင်းအပ် လက်ခံသင်ကြားပေးလျက်ရှိပြီး နိုဝင်ဘာ ၂၈ ရက်အထိ ကျောင်းအပ်လက်ခံသွားမည် ဖြစ်သည်။
ထို့အတူ ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တွင်လည်း ပထမနှစ် (ငယ်)၊ ဒုတိယနှစ်(ငယ်)၊ ဒုတိယနှစ်(ကြီး)၊ တတိယနှစ်(ငယ်)၊ တတိယနှစ်(ကြီး)၊ စတုတ္ထနှစ်၊ ပဉ္စမနှစ် နှင့် မဟာသိပ္ပံသင်တန်းများကို နိုဝင်ဘာ၂၃ ရက်တွင် စတင်ကျောင်းအပ်လက်ခံ သင်ကြားလျက်ရှိပြီး ဒီဇင်ဘာ ၁၃ ရက်အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)