လှည်းကူး ၁၀ မေ
လှည်းကူးမြို့နယ်၌ မိုးရာသီကာလအတွင်း ရေမြောင်းများတွင် ရေဆိုးရေပုပ်များ၊ ရေအိုင်များ၊ ရေဝပ်မှုများ မရှိစေရေးနှင့် အမှိုက်များပိတ်ဆို့မှုမရှိစေရေးတို့အတွက် အောင်မင်္ဂလာမင်းလမ်း၊ ခေတ်မိတ္တူဆိုင်ရှေ့မှ အောင်ကောင်းစံရှေ့အထိ ရေနုတ်မြောင်းများကို ရေစီးရေလာကောင်းမွန်စေရန် ပြန်လည်တူးဖော်ခြင်းကို မေ(၉)ရက်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တိုမှ မြောင်းဘေးတစ်လျှောက်ရှိ အမှိုက်များနှင့် မြက်ပေါင်းပင်များကို ရှင်းလင်းပေးခဲ့ပြီး ရေနုတ်မြောင်း တူးဖော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)
