မကွေး ၂၃  ဩဂုတ်

 

မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးသယံဇာတများ ဖွံဖြိုးတိုးတက်စေရေးအတွက် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိ ဂွေးချိုတမံ၊ မြေခဲတောင်တမံ၊ ခင်မွန်ဆည်တို့အတွင်း ငါးမျိုးများ စိုက်ထည့်ခြင်း အခမ်းအနားကို ပခုက္ကူခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ် ၂၃  ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ ဆည်/တမံများအတွင်းသို့ ပွင့်ဖြူငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၁၀၅၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၅၅၀၀၀) အား မျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။

 

MDN