ညောင်ဦး ၂၃ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသမိုင်းဝင် ရွှေစည်းခုံ စွယ်တော်မြတ်စေတီတော်ကြီးအား သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ စိတ်အေး ချမ်းသာစွာ ဝင်ရောက်ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ရည်ရွယ်၍ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးစိန်ဝင်း ဦးဆောင်သော ညောင်ဦးမြို့နယ် (ခေတ္တ)ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဝင်းဇော်နှင့် တပ်ဖွဲ့ဝင်များက ဇွန် ၂၃ ရက်၊ ယနေ့ နံနက် ၆ နာရီခွဲက ရွှေစည်းခုံစွယ်တော်မြတ်စေတီတော်ကြီးသို့ သွားရောက်ပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးစိန်ဝင်း၏ ဦးဆောင်မှုဖြင့် ညောင်ဦးမြို့နယ်(ခေတ္တ)ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဝင်းဇော်နှင့် တပ်ဖွဲ့ဝင် အင်အား စုစုပေါင်း ၅၃ ဦးခန့် ပူးပေါင်းပါဝင်၍ ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ညောင်ဦးမြို့၊ ရွှေစည်းခုံစွယ်တော်မြတ်စေတီတော်ကြီး၏ ရင်ပြင်တော်ရှိ အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်းနှင့် ဘုရားဝန်းအတွင်း ရာဟုထောင့်ရှိ ခြုံနွယ် ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို နံနက် ၆ နာရီခွဲမှ ၉ နာရီအထိ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)