ရေဇွာ ၇ ဇွန်
ချင်းပြည်နယ် မင်းတပ်ခရိုင် မတူပီမြို့နယ် ရေဇွာမြို့၌ စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၁၀ နာရီမှစ၍ စည်ပင်ကားဖြင့် အမှိုက်များကို အိမ်တိုင်ရာရောက် သွားရောက်၍ သတ်မှတ်နေရာတွင် စနစ်တကျစွန့်ပစ်လျက်ရှိကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ယခုအခါ မြို့စည်ပင်သာယာရေးကားဖြင့် အမှိုက်များစနစ်တကျစွန့်ပစ်လျက်ရှိပြီး အိမ်တိုင်းရှိ မီးဖိုချောင်ထွက်အမှိုက်များ၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်များနှင့် ခြံထွက်အမှိုက်များကို သတ်မှတ်နေရာတွင်သာ စွန့်ပစ်ခြင်းပြုကြရန်၊ အမှိုက်ပုံးများနှင့် အိတ်များဖြင့် စုဆောင်းထားရှိကြရန် မှာကြားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဟုန်းအွမ် (ရေဇွာပြန်ဆက်)