၁။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO INTERNATIONAL Corporation (Myanmar E&p) သည် ကမ်းလွန်လုပ်ကွက်အမှတ် A-1 ရှိ SHWE Phase 2 Development Project Area တွင် Drilling Campaign လုပ်ငန်းများအား Semi-Submersible Drilling Rig “OCEAN MONARCH” ဖြင့် တူးဖော်ရေးလုပ်ငန်းဆောင်ရွက်မည့် ဧရိဘာများဖြစ်သော Point A မြောက်လတီ္တတွဒ် ၁၉ ဒီဂရီ ၅၅ မိနစ် ၅၃ . ၇၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၈ မိနစ် ၅၁ . ၈၉ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၆ မိနစ် ၁၄ . ၂၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၇ မိနစ် ၄၉ . ၁၆ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၁ မိနစ် ၃၇.၀၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၈ မိနစ် ၅၃ .၉၇ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၂ မိနစ် ၀၇ - ၀၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၈ မိနစ် ၂၁ .၁၂ စက္ကန့်တို့တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့မှ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် A-1 ရှိ SHWE Phase 2 Development Project Area တွင် Drilling Campaign လုပ်ငန်းများအား Semi-Submersible Drilling Rig "OCEAN MONARCH” ဖြင့် ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် ဖော်ပြပါ တွင်းတူးဖော်မည့် တည်နေရာဧရိယာများမှ (၄) ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချ ရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။

 

ငါးလုပ်ငန်းဦးစီးဌာန