နေပြည်တော် ၂၃ ဩဂုတ်
ရေကြီး၊ရေလျှံမှုဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက် လေ့ကျင့်ခြင်းကို ဥတ္တရခရိုင်မီးသတ်ဦးစီမှူး ဦးစောလွင်အေး ဦးဆောင်၍ ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၃၅ ဦး၊ သန္ဓေတပ်ဖွဲ့ဝင် ၅၀ တို့ဖြင့် ယနေ့နံနက် ၁၀ နာရီက နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းဆည်တွင် ပြုလုပ်သည်။
ဇာတ်တိုက်လေ့ကျင့်မှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်လည်းကောင်း၊ဆည်၊တာတမံများကျိုး/ပေါက်ခြင်းကြောင့်လည်းကောင်း၊ လေပြင်း မုန်တိုင်း တိုက်ခတ်ခြင်းကြောင့်လည်းကောင်း ၊ ရေကြီး ၊ ရေလျှံမှုများ ဖြစ်ပွားပါက ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်ရန် ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် တုန့်ပြန်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်လေ့ကျင့်ခြင်းဖြစ်ပြီး ရေပြင် အသက်ကယ် ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေး စက်လှေများဖြင့် ရေဘေးဒုက္ခသည်များအား ရွေ့ပြောင်း ကယ်ဆယ်ခြင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ် ရေနစ်သူပြည်သူတစ်ဦးအား ရှာဖွေကယ်ဆယ်ရေး အဖွဲ့မှ ကယ်ဆယ်ဖြင်း စသည့်တို့ဖြင့် ဇာတ်တိုက် လေ့ကျင့်ခဲ့သည်။
ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ရာသို့ နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော် လင်းထွန်း၊ ဒက္ခိဏခရိုင်မီးသတ်ဦးစီးမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်မီးသတ်စခန်းတာဝန်ခံများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်ရပ်မိ/ရပ်ဖများ ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်ကို(ပြန်/ဆက်)


