ရန်ကုန် ၂၂ မေ
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေကြီးနစ်မြုပ်မှုမှကာကွယ်ရန်၊ တောင်သူများ စိုက်ပျိုးရေ အကျိုးရှိစွာ အသုံးပြုနိုင်ရေးတို့အတွက် သန်လျင်မြို့ ဖားကူးအနောက် ကျေးရွာနှင့် ဒေဇက်ကျေးရွာအနီး စိုက်ပျိုးဧက ၃၀ဝ၀ ကျော် အကျိုးပြုမည့် ခြောက်ပေ၊ ရှစ်ပေ လေးပေါက် အထောင်ရေတံခါး တည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သန်လျင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။

ဖားကူးအနောက်ကျေးရွာ၊ ဒေးဇတ်ကျေးရွာအနီးရှိ ကျေးရွာများတွင် ပဲခူးမြစ်ရေတက်လာရင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်သည့်အတွက် အခုလို ရေတံခါး တည်ဆောက်ပေး တော့ ရေကြီးနစ်မြုပ်မှုကာကွယ်ပေးသလို နွေစပါး စိုက်ချိန်မှာ ရေငန်ဝင်ရောက်မှုကိုလည်း ကာကွယ်ရာရောက်ပြီး ရေချိုသိုလှောင်ကာ နွေစပါး စိုက်ပျိုးမှုလည်း အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ အခုလို ရေတံခါးတည်ဆောက်ပြီးစီးလို့ တောင်သူများကိုယ်စားဝမ်းသာပါကြောင်း ရေတံခါးအား မိုးမကျမှီသတ်မှတ်အချိန်အတွင်း ပြီးစီးအောင်တည်ဆောက်ပေးသော ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါကြောင်း သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုဟ်စားလှယ် ဦးလွင်ကိုလတ်က ပြောကြားသည်။

အဆိုပါ ရေထိန်းတံခါးကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး မေလ ပထမပတ်တွင် လုပ်ငန်းအားလုံး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သက်ခိုင်(သန်လျင်)