မန္တလေး ၁၇ မေ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ရွှေကြက်ယက်၊ ရွှေကြက်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားနှစ်ဆူ၏ နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိသော ကဆုန်ညောင်ရေသွန်းပွဲတော်ကို မေ ၁၇ ရက် မွန်းလွဲ ၂ နာရီက ရှေးမူမပျက် ဒေဝါဝင်း ရာဇာဝင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။
ရွှေကြက်ယက်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၁၅) ရွာမှ မဲကျရာ ရွာစဉ်အလိုက် ရှေးမူမပျက် ရာဇာဝင်း ဒေဝါဝင်းများ၊ တူညီဝတ်စုံများ ဝတ်ဆင်ကာ မင်္ဂလာညောင်ဇင် ကျောင်းတိုက်ဝင်းမှနေ၍ လိုက်ပါစီတန်း လှည့်လည်ပြီး ရွှေကြက် ယက်ဆုတောင်ပြည့် မြတ်စွာဘုရား အနောက်ဘက် မဟာဗောဓိပင်သို့ ညောင်ရေသွန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ကဆုန်ညောင်ရေ သွန်းပွဲတော်ကျင်းပသည့် နေရက်များတွင် ကျေးရွာသူ၊ ကျေးရွာသားများကလည်း ဘုရားဖူးလာရောက်ကြသည့် ပြည်သူများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးကြောင်းခဲ့သည်။
ကဆုန်လပြည့်နေ နံနက်ပိုင်းတွင် ဂေါစရဂါမ်ကျောင်းတိုက် (၁၁) ကျောင်းတိုက်သို့ ဆွမ်း၊ ဟင်း ခဲဖွယ် ဘောဇင် ချိုချဉ်အရသာများကို ရပ်ကွက်အလိုက် လှည့်လည်အလှူခံ၍ သက်ဆိုင်ရာ ကျောင်းတိုက်များသို့ ပို့ဆောင်ဆက်ကပ် လှူဒါန်းခြင်း၊ ကဆုန်လပြည်ကျော် (၁) ရက်နေ့တွင် ရက်ကွက် (၁၅)ရပ်ကွက်မှ ဝတ္တုငွေကြေး၊ ဆန်၊ ဆီ၊ ဆား အစရှိသည့်တို့ကို ရပ်ကွက်အလိုက် လှည့်လည်အလှူခံ၍ မဲကျရာ ကျောင်းတိုက်များသို့ လှူဒါန်းပူဇော်ပြီး ပွဲတော်ရက်အတွင်း လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေးခြင်း မင်္ဂလာပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံက သိရသည်။
ကိုမင်း(အင်းတော်)
